ဆရာဝန်နဲ့ အင်ဂျင်နီယာ သူငယ်ချင်းနှစ်ယောက်
စတိုးဆိုင်ထဲကို ဝင်သွားပါတယ်။
ဆိုင်ကထွက်လာသော ဆရာဝန်က
အင်ဂျင်နီယာကို ယခုလိုပြောပါတယ်...
“ဟေ့ကောင် ဒီမှာ င့ါအိတ်ကပ်ထဲက ချောကလက် ၃ ချောင်း.
မင်းငါ့လို ခိုးနိုင်လား၊ ငဲငဲ”
ဒီတော့ အင်ဂျင်နီယာက-
“အဲ့ထက် ကောင်းတဲ့ ခိုးနည်းတွေ ရှိပါတယ်ကွာ။
မင်းမြင်ချင်လား။ စတိုးဆိုင် ပြန်လိုက်ခဲ့”
ဒီတော့ နှစ်ယောက်သား
စတိုးဆိုင်ထဲရောက်သွားပြီး ကောင်းတာက
လူငယ်လေးကို အင်ဂျင်နီယာက ယခုလို
ပြောပါတယ်။
“ညီလေး။ အစ်ကို မင်းကို မျက်လှည့်ပြရင်
ကြည့်မလား”
ဒီတော့ ကောင်တာမှ လူငယ်ကလည်း “အင်း
ကြည့်မယ်လေ”
အင်ဂျင်နီယာက ချောကလက်တစ်ချောင်း
တောင်းပါတယ်။ လူငယ်ကလည်း ပေးလိုက်ပါတယ်။
သူ့ရှေ့မှာပဲ အခွံခွာ ထုတ်စားပြီး နောက်တစ်ချောင်း
ထပ်တောင်းပါတယ်။ ပြီးတော့ နောက်တစ်ချောင်းတောင်းပြီး
လူငယ်ရှေ့မှာပဲ ကုန်အောင်စားပစ်ပါတယ်။
ပြီးတော့ မင်သက်စွာ ကြည့်နေတဲ့ လူငယ်လေးကို
အင်ဂျင်နီယာက ယခုလိုမေးပါတယ်။
“အကို စားခဲ့တဲ့ ချောကလပ်သုံးချောင်း ဘယ်ရောက်သွားလဲသိချင်လား”
လူငယ်က ဟုတ်ကဲ့လို့ဖြေတော့ အင်ဂျင်နီယာက အောက်ပါအတိုင်း ဖြေပါတယ်။
“အင်း ဘေးက အကိုသူငယ်းချင်း အိတ်ကပ်ထဲမှာ ရှိတယ်”
No comments:
Post a Comment